လေဖြတ်နေတာ (၆)နှစ်နီးပါးရှိပြီဆိုတော့ မိသားစုဝင်တွေလည်း ငြိုငြင်လာကြပါပြီဆိုကာ လူပိုတယောက်လိုခံစားနေရတဲ့ သရုပ်ဆောင် ကျောက်ရိုင်း ဦးအောင်မြတ်..

လေဖြတ်နေတာ (၆)နှစ်နီးပါးရှိပြီဆိုတော့ မိသားစုဝင်တွေလည်း ငြိုငြင်လာကြပါပြီဆိုကာ လူပိုတယောက်လိုခံစားနေရတဲ့ သရုပ်ဆောင် ကျောက်ရိုင်း ဦးအောင်မြတ်..

ပရိသတ်ကြီး‌ရေ ဗီဒီယိုဇာတ်ကားတွေ ခေတ်စားခဲ့ချိန်ကတည်းက တီဗီဖန်သားပြင်ပေါ်မှာ အမြဲတမ်းမြင်တွေ့နေကျဖြစ်တဲ့ သရုပ်ဆောင်တွေ အားလုံးကို မှတ်မိကြအုန်းမယ်ထင်ပါတယ်။ ဒီအထဲကမှ အနုအကြမ်း၊ဗီလိန်အစရှိတဲ့ ကာရိုက်တာ‌ပေါင်းစုံကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင်ကြီး ကျောက်ရိုင်း ဦးအောင်မြတ် ကိုလဲ အားလုံးပဲသိကြအုန်းမှာပါပဲနော်။ လက်ရှိမှာ အသက်အရွယ်ကြီးမြင့်နေပြီဖြစ်တာကြောင့် အနုပညာလှုပ်ရှားမူ့တွေနဲ့ အလှမ်းဝေးကွာနေတဲ့အပြင် ဒုက္ခိတဘဝရောက်ရှိနေလို့ ကျန်းမာရေးအခြေအနေကို ဂရုစိုက်နေရတဲ့အခြေအနေ ဖြစ်နေပါတယ်။

ကျောက်ရိုင်း ဦးအောင်မြတ် ရဲ့ အနုပညာလှုပ်ရှားမူ့သက်တမ်းကတော့ နှစ်ပေါင်း ၅၀ ကျော်ရှိခဲ့ပြီး မင်းသား ရွှေဘ၊ကိုမြင့်အောင် တို့ဇာတ်ကားကနေ အနုပညာလောကကို ဝင်ရောက်ခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့ပြီး ကာရိုက်တာအစုံကိုလဲ အကောင်းမွန်ဆုံး သရုပ်ဆောင်နိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ ဘိုးတော်၊အင်္ဂလိပ်မင်းကြီး၊သိုက်ဆရာ၊ဂိုဏ်းစတား အစရှိတဲ့ကာရိုက်တာတွေကိုလဲ ပရိသတ်တွေအတွက် ပီပီပြင်ပြင် သရုပ်ဆောင်ခဲ့ပါတယ်။

ကျောက်ရိုင်း ဦးအောင်မြတ် ဟာ လေဖြတ်နေတာ ၆ နှစ်နီးပါးရှိခဲ့ပြီး ဘယ်ဘက်တစ်ခြမ်းလုံး လေဖြတ်သွားတာကြောင့် စကားပြောရတာနဲ့ သွားလာလှုပ်ရှားရတာ ခက်ခဲပြီးဒုက္ခိတတစ်ယောက်လို ဖြစ်နေတာပါ။ ဒါကြောင့်လဲ အိမ်မှာ လူပိုတစ်ယောက်လို ခံစားနေရပါတယ်လို့လဲ သူရဲ့ ခံစားချက်ကို ပြောပြထားပါတယ်။ ကျန်းမာရေးချို့တဲ့နေတာကြောင့် အိမ်မှာရှိတဲ့ ဇနီးဖြစ်သူနဲ့သားသမီးတွေက ညိုညင်လာတဲ့အကြောင်းကိုလဲ ဝမ်းနည်းစွာနဲ့ထုတ်ပြောထားပါသေးတယ်။

သရုပ်ဆောင် ကျောက်ရိုင်းဦးအောင်မြတ် ဟာ ဇာတ်ကားတွေထဲမှာ ကာရိုက်တာခပ်ကြမ်းကြမ်းတွေကို သရုပ်ဆောင်ခဲ့ရပေမယ့်လဲ ပရိသတ်တွေက အပြင်မှာတွေ့ဆုံရင် စိတ်သဘောထားကောင်းတဲ့ သူ့ကိုချစ်ပေးကြတာကြောင့် အရမ်းကိုဝမ်းသာရတဲ့အကြောင်းကို ရင်ဖွင့်ထားပါတယ်။ ဒါပေမယ့် ဒုက္ခိတဘဝရောက်နေရလို့ ဇာတ်ကားတွေမရိုက်ရတော့လို့ ပရိသတ်တွေမေ့သွားမှာကိုလဲ စိုးရိမ်နေပါတယ်။ ပရိသတ်ကြီးရေ လူကြမ်းသရုပ်ဆောင်ကြီး ဦးအောင်မြတ် အတွက် အားပေးစကားလေးတွေကို ကောမန့်မှာရေးသားသွားပေးခဲ့အုန်းနော်။

crd
zawgyi
ေလျဖတ္ေနတာ (၆)ႏွစ္နီးပါးရွိၿပီဆိုေတာ့ မိသားစုဝင္ေတြလည္း ၿငိဳျငင္လာၾကပါၿပီဆိုကာ လူပိုတေယာက္လိုခံစားေနရတဲ့ သ႐ုပ္ေဆာင္ ေက်ာက္႐ိုင္း ဦးေအာင္ျမတ္..

ပရိသတ္ႀကီး‌ေရ ဗီဒီယိုဇာတ္ကားေတြ ေခတ္စားခဲ့ခ်ိန္ကတည္းက တီဗီဖန္သားျပင္ေပၚမွာ အၿမဲတမ္းျမင္ေတြ႕ေနက်ျဖစ္တဲ့ သ႐ုပ္ေဆာင္ေတြ အားလုံးကို မွတ္မိၾကအုန္းမယ္ထင္ပါတယ္။ ဒီအထဲကမွ အႏုအၾကမ္း၊ဗီလိန္အစရွိတဲ့ ကာ႐ိုက္တာ‌ေပါင္းစုံကို ပိုင္ပိုင္ႏိုင္ႏိုင္ သ႐ုပ္ေဆာင္ႏိုင္တဲ့ သ႐ုပ္ေဆာင္ႀကီး ေက်ာက္႐ိုင္း ဦးေအာင္ျမတ္ ကိုလဲ အားလုံးပဲသိၾကအုန္းမွာပါပဲေနာ္။ လက္ရွိမွာ အသက္အ႐ြယ္ႀကီးျမင့္ေနၿပီျဖစ္တာေၾကာင့္ အႏုပညာလႈပ္ရွားမူ႔ေတြနဲ႔ အလွမ္းေဝးကြာေနတဲ့အျပင္ ဒုကၡိတဘဝေရာက္ရွိေနလို႔ က်န္းမာေရးအေျခအေနကို ဂ႐ုစိုက္ေနရတဲ့အေျခအေန ျဖစ္ေနပါတယ္။ေက်ာက္႐ိုင္း ဦးေအာင္ျမတ္ ရဲ႕ အႏုပညာလႈပ္ရွားမူ႔သက္တမ္းကေတာ့ ႏွစ္ေပါင္း ၅၀ ေက်ာ္ရွိခဲ့ၿပီး မင္းသား ေ႐ႊဘ၊ကိုျမင့္ေအာင္ တို႔ဇာတ္ကားကေန အႏုပညာေလာကကို ဝင္ေရာက္ခဲ့တာပဲျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ ဇာတ္ကားေပါင္းမ်ားစြာ ႐ိုက္ကူးခဲ့ၿပီး ကာ႐ိုက္တာအစုံကိုလဲ အေကာင္းမြန္ဆုံး သ႐ုပ္ေဆာင္ႏိုင္ခဲ့သူတစ္ဦးျဖစ္ပါတယ္။ ဘိုးေတာ္၊အဂၤလိပ္မင္းႀကီး၊သိုက္ဆရာ၊ဂိုဏ္းစတား အစရွိတဲ့ကာ႐ိုက္တာေတြကိုလဲ ပရိသတ္ေတြအတြက္ ပီပီျပင္ျပင္ သ႐ုပ္ေဆာင္ခဲ့ပါတယ္။

ေက်ာက္႐ိုင္း ဦးေအာင္ျမတ္ ဟာ ေလျဖတ္ေနတာ ၆ ႏွစ္နီးပါးရွိခဲ့ၿပီး ဘယ္ဘက္တစ္ျခမ္းလုံး ေလျဖတ္သြားတာေၾကာင့္ စကားေျပာရတာနဲ႔ သြားလာလႈပ္ရွားရတာ ခက္ခဲၿပီးဒုကၡိတတစ္ေယာက္လို ျဖစ္ေနတာပါ။ ဒါေၾကာင့္လဲ အိမ္မွာ လူပိုတစ္ေယာက္လို ခံစားေနရပါတယ္လို႔လဲ သူရဲ႕ ခံစားခ်က္ကို ေျပာျပထားပါတယ္။ က်န္းမာေရးခ်ိဳ႕တဲ့ေနတာေၾကာင့္ အိမ္မွာရွိတဲ့ ဇနီးျဖစ္သူနဲ႔သားသမီးေတြက ညိဳညင္လာတဲ့အေၾကာင္းကိုလဲ ဝမ္းနည္းစြာနဲ႔ထုတ္ေျပာထားပါေသးတယ္။သ႐ုပ္ေဆာင္ ေက်ာက္႐ိုင္းဦးေအာင္ျမတ္ ဟာ ဇာတ္ကားေတြထဲမွာ ကာ႐ိုက္တာခပ္ၾကမ္းၾကမ္းေတြကို သ႐ုပ္ေဆာင္ခဲ့ရေပမယ့္လဲ ပရိသတ္ေတြက အျပင္မွာေတြ႕ဆုံရင္ စိတ္သေဘာထားေကာင္းတဲ့ သူ႔ကိုခ်စ္ေပးၾကတာေၾကာင့္ အရမ္းကိုဝမ္းသာရတဲ့အေၾကာင္းကို ရင္ဖြင့္ထားပါတယ္။ ဒါေပမယ့္ ဒုကၡိတဘဝေရာက္ေနရလို႔ ဇာတ္ကားေတြမ႐ိုက္ရေတာ့လို႔ ပရိသတ္ေတြေမ့သြားမွာကိုလဲ စိုးရိမ္ေနပါတယ္။ ပရိသတ္ႀကီးေရ လူၾကမ္းသ႐ုပ္ေဆာင္ႀကီး ဦးေအာင္ျမတ္ အတြက္ အားေပးစကားေလးေတြကို ေကာမန႔္မွာေရးသားသြားေပးခဲ့အုန္းေနာ္။

crd

Add a Comment

Your email address will not be published. Required fields are marked *