သရုပ်ဆောင် “အေးချမ်းမောင်” နဲ့အတူရိုက်ကူးထားတဲ့ အကြမ်းစားအမိုက်စားပုံလေးတွေကို ပရိတ်သတ်ကိုချပြလာတဲ့ ထက်ထက်ထွန်း…
|သရုပ်ဆောင် “အေးချမ်းမောင်” နဲ့အတူရိုက်ကူးထားတဲ့ အကြမ်းစားအမိုက်စားပုံလေးတွေကို ပရိတ်သတ်ကိုချပြလာတဲ့ ထက်ထက်ထွန်း…
ပရိသတ်ကြီးရေ ထက်ထက်ထွန်းကတော့ အလှမယ်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ ရှေ့ကို စတင်ရောက်ရှိလာခဲ့ပြီး လက်ရှိမှာတော့ အနုပညာရှင်တစ်ယောက်အနေနဲ့ ရပ်တည်နေပါတယ်။ လတ်တလောမှာလည်း ထက်ထက်ထွန်း ပါဝင်သရုပ်ဆောင်ခဲ့တဲ့ “သမီးဆိုး” ဇာတ်လမ်းတွဲကတော့ ပရိသတ်တွေကြားမှာတော်တော်လေးပေါက်ခဲ့ပါတယ်။
ထက်ထက်ထွန်းကတော့ ဒီဇာတ်လမ်းတွဲမှာ “ရွှေပုံဧရာ” ဆိုတဲ့ ကာရိုက်တာနဲ့ပါဝင်ထားတာဖြစ်ပြီး ဇာတ်ရုပ်ကို ပီပင်အောင်သရုပ်ဆောင်နိုင်ခဲ့တာကြောင့် ပရိသတ် ချီးကျူးနေခဲ့ရတဲ့ သူပဲဖြစ်ပါတယ်။
မနေ့ကတော့ ထက်ထက်ထွန်းက ဒီဇာတ်လမ်းတွဲမှာ ဇော်ဇော်အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့တဲ့ “အေးချမ်းမောင်” နဲ့အတူရိုက်ကူးထားတဲ့ အကြမ်းစားအမိုက်စားပုံလေးတွေကို မျှဝေဖော်ပြလာခဲ့ပါတယ်။
ပုံလေးတွေနဲ့အတူလည်း ဇာတ်လမ်းတွဲထဲမှာ သူတို့နှစ်ယောက်ပြောခဲ့တဲ့ “ရွှေပုံက ဒါဆိုဒါဖြစ်နေမှကြိုက်တာ…ကျွန်တော်က မမလေး သေဆိုသေမယ့်ကောင်ပါ…”ဒိုင်ယာလော့လေးတွေကိုပါ အမှတ်တရအနေနဲ့ပြန်လည်ရေးသားကာ မျှဝေထားခဲ့ပါတယ်။
ပရိသတ်ကြီးရေ လိုက်ဖက်ညီလွန်းလှတဲ့ ဒီပုံတွေကြောင့် ပရိသတ်တွေကတော့ ရွှေပုံလေးကို ဇော်ဇော်နဲ့ပဲသဘောတူနေကြပြီနော်။
Source – HTET HTET HTUN
crd
zawgyi
Source – HTET HTET HTUN
crd