အဖေဆုံးသွားတယ်ဆိုတာ အခုထိလက်ခံလို့ မရသေးကြောင်း ကြေကွဲစွာ ရင်ဖွင့်ပြောပြလာတဲ့ သီဟတင်စိုးရဲ့သားကြီး စစ်နိုင်သီဟဦး

အဖေဆုံးသွားတယ်ဆိုတာ အခုထိလက်ခံလို့ မရသေးကြောင်း ကြေကွဲစွာ ရင်ဖွင့်ပြောပြလာတဲ့ သီဟတင်စိုးရဲ့သားကြီး စစ်နိုင်သီဟဦး

သရုပ်ဆောင်သီဟတင်စိုးကတော့အမိုက်စားသရုပ်ဆောင်ကွက်တွေနဲ့အတူအမျိုးမျိုးသောဇာတ်ကောင်တွေမှာမတူညီတဲ့သရုပ်ဆောင်မှုများနဲ့အကောင်းဆုံးသရုပ်ဆောင်ပြနိုင်ခဲ့တဲ့အတွက်ကြောင့်ပရိတ်သတ်ကြီးတွေရဲ့ချစ်ခင်အားပေးမှုကိုအခိုင်အမာအပြည့်အဝရရှိထားပါတယ်နော်။

အခုတစ်ခါမှာဆိုရင်သရုပ်ဆောင်သီဟတင်စိုးရဲ့ သားဖြစ်သူ စစ်နိုင်သီဟဦးက အဖေဆုံးသွားတယ်ဆိုတာ အခုချိန်ထိ မယုံကြည်နိုင်သေးဘူးဆိုပြီးအခုလို ဝမ်းနည်းစွာရင်ဖွင့်လာခဲ့ပါတယ်နော်။

သရုပ်ဆောင်သီဟတင်စိုးရဲ့ သားဖြစ်သူ စစ်နိုင်သီဟဦးကက အမေ မရှိတော့တဲ့ နောက်ပိုင်းမှာ အဖေက စိတ်ကျသလို ဖြစ်ပြီး အလုပ်တွေ မလုပ်ရတော့ဘူး၊ သားသမီးတွေကလည်း တကွဲတပြားစီ နေရတယ်၊ သူ့ညီတွေလည်း ဆုံးပါး သွားတယ် ဆိုတော့ စိတ်မကောင်း ဖြစ်ပြီး ရောဂါ ပိုဆိုးသွားတယ်၊ သူက ဖြစ်သလိုပဲနေတော့ အခုလိုဖြစ်သွားတာထင်တယ်၊ အဖေမရှိတော့တာကို အခုချိန်ထိမယုံနိုင်သေးဘူး၊ ဇာတ်ကားထဲကလို ပြန်ထလာမလားလို့ပဲ တွေးနေမိတယ် ဆိုပြီးတော့ပြောပြလာခဲ့ပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်တင်ဆက်ပေး လိုက်ပါတယ်နော်။

crd
zawgyi



crd

Add a Comment

Your email address will not be published. Required fields are marked *