လူသိများတဲ့ မင်းသမီးတယောက်မို့ အလှအပအတွက် လိုအပ်တဲ့ ခွဲစိတ်ပြုပြင်မှုတွေကိုခံယူခဲ့ကြောင်းပြောပြလာတဲ့ မင်းသမီးကြီး မေသန်းနု..
|လူသိများတဲ့ မင်းသမီးတယောက်မို့ အလှအပအတွက် လိုအပ်တဲ့ ခွဲစိတ်ပြုပြင်မှုတွေကိုခံယူခဲ့ကြောင်းပြောပြလာတဲ့ မင်းသမီးကြီး မေသန်းနု..
ပရိသတ်ကြီးရေ ထပ်ဆင့်အကယ်ဒမီမေသန်းနုကတော့ တစ်ခေတ်တစ်ခါကတည်းက အနုပညာအလုပ်တွေကိုလုပ်ဆောင်ခဲ့တာဖြစ်လို့ အနုပညာသက်တမ်းက နှစ်ပေါင်းမနည်းတော့ပါဘူးနော်။မေသန်းနုက သရုပ်ဆောင်အရမ်းကောင်းပြီး စကားသံလေးကလည်းဝဲလို့ အရမ်းချစ်စရာကောင်းတဲ့မင်းသမီးချောဖြစ်ပါတယ်။မေသန်းနုက”သင်္ကြန်မိုး”ဇာတ်ကားမှာ ပရိသတ်တွေရဲ့အားပေးမှုကို တစ်ခဲနက်ရရှိခဲ့ကာ ယနေ့ခေတ်ထိတိုင်တောက်လျှောက်အောင်မြင်လာတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်နော်။
အခုတစ်ခါမှာဆိုရင်မင်းသမီးကြီးမေသန်းနုကအသက်ရလာပေမယ့် လှနေဖို့ မျက်နှာခွဲစိပ်ပြုပြင်လိုက်တဲ့ အကြောင်းကိုအခုလိုပြောပြလာခဲ့ပါတယ်နော်။မင်းသမီးကြီးမေသန်းနုက မင်းသမီး ဆိုတော့ အသက်ကြီးလာလည်း လှနေဖို့ လိုအပ်လို့ မျက်ရစ်အပေါ် မှာ အိကျနေတဲ့ အရည်တွေကို ထုတ်ဖြစ်ခဲ့တယ်၊
ပရိသတ် မှတ်မိနေတဲ့ မျက်နှာ အနေအထား ဖြစ်တဲ့ အတွက်အရမ်းကြီး ပြုပြင် ပြောင်းလဲလိုက်လို့ မရဘူး၊ ကာကွယ်တဲ့ အနေနဲ့ပဲ မျက်နှာ ပြုပြင်လို့ ရတယ်၊နှာခေါင်း ထပ်ချွန်တာ၊ မေးစေ့ ထပ်ချွန်တာ မျိုးတော့ ထပ်မလုပ်ပါဘူးဆိုပြီးတော့ပြောပြလာခဲ့ပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်နော်။
crd
zawgyi
crd