မိဘနှစ်ပါးရဲ့ နာမည်ပါအောင်အလှဆုံးနာမည်လေးရွေးချယ်ကာသမီးလေးဖောင်းဖောင်းရဲ့ နာမည်ပေးကင်ပွန်းတပ်ပွဲလေးကို ပြုလုပ်ပေးခဲ့ကျတဲ့ ဖေဖေသူထူးစံနဲ့ မေမေ ထိုက်စုဝင်း…
|မိဘနှစ်ပါးရဲ့ နာမည်ပါအောင်အလှဆုံးနာမည်လေးရွေးချယ်ကာသမီးလေးဖောင်းဖောင်းရဲ့ နာမည်ပေးကင်ပွန်းတပ်ပွဲလေးကို ပြုလုပ်ပေးခဲ့ကျတဲ့ ဖေဖေသူထူးစံနဲ့ မေမေ ထိုက်စုဝင်း…
အကယ်ဒမီ သူထူးစံနဲ့ ထိုက်ဆုဝင်းတိုကတော့ စိတ်တူကိုယ်တူ ဝါသနာတူတဲ့ ဇနီးမောင်နှံလို ဆိုနိုင်ပါတယ်အနုပညာလောကထဲ မှာ ကျင်လည်ရင်းနဲ့ ဖူးစာဆုံခဲ့ကြတဲ့ သူထူးစံနဲ့ ထိုက်ဆုဝင်းတို ဟာ အခုဆိုရင် အကြင်လင်မယားတွေအဖြစ် တစ်အိုးတစ်အိမ် ထူထောင်ထားပြီး သာယာတဲ့ မိသားစုဘဝလေးကို အတူပုံဖော်နေ ကြတာပဲဖြစ်ပါတယ်။ အခုဆိုရင် သမီးလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပြီဖြစ်တဲ့ သူထူးစံနဲ့ ထိုက်စုဝင်းဟာ သမီးလေးရဲ့ တစ်နှစ် ပြည့်မွေးနေ့ကို ပြည့်ပြည့်စုံစုံလေးဖြစ်အောင် ဖန်တီးပေးခဲ့ကြောင်း အခုလိုပဲပြောလာခဲ့ပါတယ်။
သူထူးစံက “သို့ သမီးလေး စံရတီထိုက် (ခ) ဖောင်းဖောင်း.. သမီးလေးရေ …..ဖေဖေနဲ့ မေမေတို့ရဲ့ ဘဝထဲကို သမီးလေး ရောက်ရှိခဲ့တဲ့ (၁) နှစ်ပြည့် ပထမဆုံးမွေးနေ့လေးအတွက် ❤️စံရတီထိုက် ❤️ဆိုတဲ့အမည်နာမလေးကို ဖေဖေနဲ့မေမေရဲ့ လက်ဆောင်အဖြစ် ရွေးချယ်အမွေပေးလိုက်ပါတယ်။ ဒီနာမည်လေးနဲ့ယှဉ်တွဲပြီး သမီးလေးဘဝမှာ အခက်အခဲဆိုတာ မရှိဘဲ ကြုံလာသမျှ လောကဓံကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်ကာ ဘာသာတရားနဲ့ယှဉ်တွဲကြီးပြင်းလာနိုင်ပါစေလို့လည်း ဆန္ဒပြုလိုက်ပါတယ်။
သမီးလေးရဲ့မွေးနေ့ကုသိုလ်အဖြစ် ဗိုလ်တထောင်ဘုရားမှာ သံဃာတော်တွေကို အာရုဏ်ဆွမ်းဆက်ကပ် လှူဒါန်းပြီး မိဘဆရာသမားတွေနဲ့ ဆွေမျိုးမိတ်ဆွေတွေကို Vintage Luxury Yacht Hotel မှာ နေ့လည်စာများ ဧည့်ခံကျွေးမွေးကာ အမည်ပေးကင်ပွန်းတပ်နဲ့မွေးနေ့ပွဲလေး လုပ်ပေးခဲ့ပါတယ်။ သမီးလေးကြီးပြင်းလာတဲ့အခါ ဒီအမှတ်တရလေးတွေကို သမီးလေး ပြန်တွေ့တိုင်း ဝမ်းမြောက်ပျော်ရွှင်နိုင်ပါစေ ❤️❤️❤️…. ချစ်တဲ့ ဖေဖေ နဲ့ မေမေ” ဆိုပြီး သမီးလေးရဲ့ မွေးနေ့အမှတ်တရပုံရိပ်လေးကို မျှဝေပေးလာပါတယ်။
သူထူးစံနဲ့ ထိုက်စုဝင်းတို့ကတော့ သမီးလေး ဖောင်းဖောင်းရဲ့ နာမည်ကို သူတို့နှစ်ယောက်စလုံးရဲ့နာမည်ပါအောင် စံရတီထိုက်ဆိုပြီး အမည်ပေးခဲ့တာပဲဖြစ်ပါတယ်။ သူထူးစံနဲ့ ထိုက်စုဝင်းတို့မိသားစုလေး အခုလိုပဲ အမြဲတမ်းပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Crd
zawgyi
Credit